နေပြည်တော်၊ စက်တင်ဘာ ၂၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်း-နောင်ပိုအောင် သွားကားလမ်း၊ နောင်လွန်ကျေးရွာအုပ်စု၊ နားနောက်ကျေးရွာအနီးတွင် ဆပ်ဘာမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၂၁ ကီလို ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ မင်းနန္ဒာလမ်းမကြီး၊ သင်္ဘောကျင်းမှတ်တိုင်အနီးတွင် ခိုင်ဖြိုးဝေ(ခ)ကုလားနှင့် ကျော်သူလွင်(ခ) နောင်နောင် တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၂၅ ပြားကိုလည်းကောင်း၊
အလားတူ စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ဦးမြတ်လေးလမ်းနှင့် ထားဝယ်ကမ်းလမ်းဆုံတွင် အောင်ကျော်သူ (ခ)အီဗလာဟင် မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၇၀ ကိုလည်းကောင်း၊ ယင်းနေ့ ည ၁၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ တောင်လားကျေးရွာအုပ်စု၊ မြင်းတိုက်ကျေးရွာအနီးတွင် သိန်းမြင့်နှင့် အောင်ဝင်း(ခ)အောင်မင်း တို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၁,၉၀၀ နှင့် လက်လုပ်တူမီးသေနတ် တစ်လက်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
(ရဲပြန်ကြား)