အောင်လံ စက်တင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ယမန်နေ့နံနက် (၈)နာရီက ရွာမထုံးကျေးရွာသို့ သွားရောက်ပြီး မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် အခမဲ့ ကိုဗစ် - ၁၉ ရောဂါရှာဖွေ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုဘိုင်းစစ်ဆေးယာဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါ ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရွာမထုံးကျေးရွာမှ ပြည်သူများကို ရောဂါပိုးရှိ / မရှိ RDT ( Test Kits ) ဖြင့် ပြည်သူ (၄၉၈) ဦးအား စစ်ဆေးခဲ့ရာ (၆၃)ဦး ပိုးတွေ့ရှိခဲ့ပြီး ၎င်းပိုးတွေ့လူနာများအား သမ္ဘူလတိုက်နယ်ဆေးရုံနှင့် ကျောက်ပန်းတောင်းတိုက်နယ်ဆေးရုံတို့တွင်  ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ကျေးလက်နေပြည်သူများကို ကိုဗစ်-၁၉ ရောဂါကင်းဝေး စေရေးအတွက် နယ်လှည့်ကွင်းဆင်းစစ်ဆေးရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)