ဆင်ပေါင်ဝဲ စက်တင်ဘာ   ၂၂

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ မြန်မားစီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်းများအား ဒုတိယနေ့အဖြစ်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။

           

ဆင်ပေါင်ဝဲမြို့နယ်  မြန်မားစီးပွားရေးဘဏ်တွင်  တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရမည့်  ပင်စင်အငြိမ်းစား ဝန်ထမ်း  စုစုပေါင်း (၇၅၁)ဦးရှိကြောင်း သိရပြီး  ပင်စင်အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ  ထုတ်ယူနိုင်ရန်အတွက်  ရုံးပိတ်ရက်များမှအပ  ရုံးဖွင့်ချိန်များတွင်   စက်တင်ဘာ(၂၁)ရက်မှစတင်ပြီး  လကုန်သည့်နေ့အထိ   နေ့စဉ်နံနက်(၇)နာရီခွဲမှ မွန်းလွဲ(၂)နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့စီးပွားရေးဘဏ်မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

           

မြို့နယ်အတွင်းရှိ  ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား  ပင်စင်လစာငွေများ  ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တစ်ဦးချင်းစီအား ရုံးအတွင်းမဝင်မီလက်ဆေးဘေစင်တွင်  လက်ဆေးစေခြင်း ၊  ပါးစပ် ၊ နှာခေါင်းစည်းစနစ်တကျ  တပ်ဆင်စေခြင်းနှင့်  ကိုယ်အပူချိန်တိုင်းတာစစ်ဆေး ခြင်းများ ဆောင်ရွက်ပြီးမှသာ စနစ်တကျ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

                                                                                                

ဆင်ပေါင်ဝဲ(ပြန်/ဆက်)