ရှမ်းရွာသစ်   စက်တင်ဘာ ၂၂

           

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ကျေးလက်နေပြည်သူများ  လူမှုဘဝတိုးတက် စေရန်ရည်ရွယ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့်ဆက်စပ်ပစ္စည်း(၆၁)စုံကို ယနေ့ နံနက်ပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများတို့က လိုက်လံပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

           

အဆိုပါဆိုလာနှင့် ဆက်စပ်ပစ္စည်းများပေးအပ်ခြင်း လုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင် က ၎င်းဆိုလာပါဝါများသည် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းခြင်းဖြစ်ကြောင်း ၊ရှမ်းရွာသစ်မြို့အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းတို့အတွက် ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ဆိုလာအသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းနှင့် တိုက်နယ်ဆေးရုံတို့အတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်း (၂)စုံကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ကျန်ရှိသည့်ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကိုလည်း ကျေးရွာများရှိ စာသင်ကျောင်း၊ဘုန်းတော်ကြီး ကျောင်းနှင့် ဆေးပေးခန်းတို့အတွက် တာဝန်ရှိသူများတို့က ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ရှမ်းရွာသစ်(ပြန်/ဆက်)