ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီမှ မူလပိုင်ရှင်အား နစ်နာကြေး/လျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း၊ ခံရမှုပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌဦးထူးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းပညာရေးမှူးရုံး၊ ဦးစီးအရာရှိ ဦးအေးမင်းက လျော်ကြေးငွေကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြေနေရာအတွက် မူလလယ်သမား တောင်သူ ဦးခင်၀င်းအား မြေဧရိယာ(၁.၅၀) ဧကအတွက် လျော်ကြေးငွေသိန်း(၁၅၀)ပေးအပ်ခဲ့ကြောင်း၊ တောင်သူဦးခင်၀င်းမှ လျော်ကြေးငွေရရှိမှုအတွက်ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားသည်။
လဲ့လဲ့(IPRD)