ဆားလင်းကြီး စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု၀န်ထမ်းဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ငွေသာခမ်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုက အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငေွပေးအပ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူ များက လွှဲပြောင်းပေးအပ်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက လက်ခံရယူခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၄၂)အုပ်စုမှ ကိုယ်အင်္ဂါမသန်စွမ်းသူ (၂၁၈)ဦး ၊ ဉာဏ်ရည်မသန်စွမ်းသူ (၈)ဦး ၊ မျက်မမြင် (၁၆)ဦး ၊ နားမကြား (၄)ဦး ၊စုစုပေါင်း (၂၄၆)ဦး အတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၇၃၈၀၀၀ဝကို ထောက်ပံ့ငွေပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဥမ္မာခိုင်