ပင်လောင်း   စက်တင်ဘာ   ၂၃

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့နံက် ပိုင်းက အထက တလိုင်းမ ကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြည်သူများအား စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ပေါင်းလောင်းမြို့အတွင်းရှိ ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂ အုပ်စုအတွင်းရှိအသက် ၅၅ နှစ် မှ ၆၅ နှစ်ကြား မိဘပြည်သူများနှင့် ဦးစားပေးအုပ်စုများအလိုက် ပါ၀င်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးခြင်းကို အ.ထ.က  တလိုင်းမ ကျောင်းတွင် ဆောင်ရွက်ရှိပြီး၊ အဆိုလုပ်ငန်းအား၊ မြို့အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှု ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပေါင်းလောင်း တိုက်နယ်ဆေးရုံမှ ကျန်းမာရေး၀န်ထမ်းများမှ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)