နတ်မောက် စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြိုနယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယ (၃)လပတ်အတွက် ရပ်ကွက်/ ကျေးရွာများရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သွယ်သွယ်အေးက လှုမှုရေးပင်စင်ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် နတ်မောက်မြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးအဘိုး (၄၅၄) ဦး၊ အသက်ကြီးအဘွား (၉၅၁)ဦး စုစုပေါင်း (၁၄၀၅)ဦး တို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ သုံးလစာကို တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် ( ၄၂၁၅၀၀၀၀ )ကို ထောက်ပံ့ပေးခဲ့ရာ သက်ဆိုင်ရာ ရပ်/ကျေး စာရေးများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက လက်ခံရယူ၍ အဘိုးအဘွားများလက်ဝယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း (ပြန်/ဆက်)