ပုလော  စက်တင်ဘာ   ၂၃

           

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့ အမှတ် (၂) ရပ်ကွက်၌ ယနေ့ နံနက် ၉ နာရီခန့်က ခြင်ဆေးခွေမီးထွန်းညှိရာမှ တစ်ဆင့်  မွေ့ယာသို့ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အချိန်မီ မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

           

ဖြစ်စဉ်မှာ ပုလောမြို့ အမှတ် (၂) ရပ်ကွက် မြ၀တီ(၁)လမ်းနေ ဦးဇော်ဦး၏ အလျား ၄၅× အနံ ၁၈ ပေ ရှိ အုတ်ညှပ်၊ ဓနိမိုး၊ ဓနိကာ၊ပျဉ်ခင်း (၂)ထပ် နေအိမ်တွင် တီဗွီစင် နံဘေး အိမ်ယာခေါင်းရင်းတွင် ခြင်ဆေးခွေ မီးထွန်းညှိရာမှ  မွေ့ယာသို့ မီးကူးစက် လောင်ကျွမ်းပြီး တီဗွီနှင့် အောက်စက် (၁) လုံးလောင် ကျွမ်းခဲ့ပြီး အချိန်မီ မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

           

 အေးအေးမော် (ပုလော)