စက်တင်ဘာ ၂၃

အီရန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၄၃၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၅၄၇၇၂၂၉ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၂၈၆ ဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၁၁၈၁၉၁ ဦးအထိ ရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၄၈၄၆၇၇၁ ဦး ရှိသည်။

၆၆၃၂ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရဆဲဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထက်မနည်း ထိုးနှံမှုခံယူပြီးသူ ၃၂၂၅၀၅၄၃ ဦး ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ ၁၄၆၄၈၈၉၁ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို