အင်္ဂပူ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်၊အလှူရှင်များမှ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များအား ဆွမ်း၊ ကွမ်း အဆင်ပြေစေရန်အတွက် လှူဒါန်းသော ဆွမ်းဆန်တော် ၊ ဆီ ၊ ဆား ၊ ပဲများကိုလှူဒါန်းခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးမြင့်သန်းဝင်း ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၈၇) ကျောင်းမှ ရဟန်းသာမဏေ (၁၅၇၅၃) ပါး ၊ သီလရှင်ကျောင်း (၁၄) ကျောင်းမှ သီလရှင်( ၁၅၆ ) ပါးတို့အတွက် ဆွမ်းဆန်တော (၁၆၇) အိတ်၊ ဆီ (၇၄၉) ပိဿာ၊ ပဲ (၁၅၀) ပိဿာ၊ ဆား (၁၅၀) ပိဿာ တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)


