သုံးခွ စက်တင်ဘာ ၂၃

"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့်  ရန်ကုန်တိုင်း ဒေသကြီး  တောင်ပိုင်းခရိုင် သုံးခွမြိုနယ်တွင်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီက   ရေပေါ်ကန်ကျေးရွာတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ရေပေါ်ကန်ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူနှင့် ၀န်ထမ်းများက နိုင်ငံသားအရည်အချင်းပြည့်မီသူ ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၆)နှစ်မှ (၁၈)နှစ်ကြား ကျား(၁၃)ဦး၊မ(၇)ဦး၊အသက်(၁၈)နှစ်အထက် ကျား(၁၈)ဦး၊ မ(၁၄)စုစု ပေါင်း (၅၂)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ ကတ်အသစ် လဲလှယ်ပေးခြင်း ၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်းမရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သုံးခွမြို့နယ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

မြို့နယ် ပြန်/ဆက်