ကန့်ဘလူ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုး ရန် ကျန်ရှိသော ရဟန်းသံဃာတော်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြား၊ မကူးစက်နိုင်သောရောဂါရှိသူများ အပါအဝင် ဦးတည်အုပ်စုအလိုက် ဦးစားပေး အစီအစဉ်အတိုင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ စက်တင်ဘာ ၂၃ ရက်နံနက် ၈ နာရီက စတင် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ပြီးခဲ့သည့်အကြိမ်များထက် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ပိုမိုများပြားလာကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် မြို့နယ် ခုတင် ၁၀၀ ဆေးထိုးစုရပ်အပြင် ပေကုန်း(တ)ကျေးရွာ၊ ထန်းကုန်း ကျေးရွာနှင့် ဇီးကုန်းမြို့တို့၌ ကျန်းမာရေးဝန်ထမ်းများ အဖွဲ့ လေးဖွဲ့ခွဲကာ ထိုးနှံပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၁၄၀၀ ရရှိ၍ ဆေးတစ်လုံးလျှင် ၅ ဦး နှုန်းဖြင့် ပြည်သူ ၇၀၀၀ ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)


