မိုင်းခတ် စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဝမ်မိုင်ကျေးရွာတွင် ပိုးသတ်ဆေးဖြန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆေးဖျန်းရာတွင် လူနေအိမ်များ၊ လမ်းမများ၊ ဘုရားရှိခိုးကျောင်းနှင့် ဈေးဆိုင်များအား ပိုးသတ်ဆေးများဖျန်းပေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

လတ်တစ်လောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေအရ မိမိတို့ရပ်ကွက် /လမ်းမ၊ လမ်းသွယ်များအတွင်း ပိုးသတ်ဆေးဖြန်းရန် လိုအပ်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူး ၊ ရာအိမ်မှူး  အဖွဲ့များမှ အဆိုပါအသင်းထံသို့တိုက်ရိုက်ဆက်သွယ်၍ အခမဲ့ အကူအညီတောင်းဆိုနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)