မိတ္ထီလာ၊ စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် တစ်သောင်းကျော်နှင့် အိမ်ထောင်စုလူဦးရေးစာရင်း (၄၂၀)ကျော်တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကြိုင် ဦးဆောင်၍ အဖွဲ့သုံးဖွဲ့ဖြင့် မေလ ၃ ရက်နေ့မှ စတင်၍ ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာ အုပ်စု(၅၈)အုပ်စုတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာ များတို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရပ်ကွက် (၂)ခု၊ ကျေးရွာအုပ်စု (၂၈)စုနှင့် တပ်ရင်း (၇)ရင်းတို့မှ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ အသက်(၁၆)နှစ်နှင့် အသက် (၁၈)နှစ်ကြား (၃၃၉)ဦး၊  အသက် (၁၈)နှစ်နှင့်အထက် (၁၀၅၃၆)ဦးနှင့် အိမ်ထောင်စုစာရင်း (၄၂၂)ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)