နောင်တရား စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.မ.က ကျောင်းကုန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ ယနေ့နံနက်ပိုင်းတွင် လာရောက်ထိုးနှံမှု ပိုမိုများပြားလျက်ရှိကြောင်းသိရသည်။
နောင်တရားတိုက်နယ်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နောင်တရားမြို့ပေါ်နှင့် ကျေးရွာအုပ်စုများအတွင်းတွင် ဇူလိုင်လ ၁ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၂၁၃ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၁၉၅ဦး လက်ရှိတွင်ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ရောဂါ Positive လူနာ (၁၄)ဦးကို တိုက်နယ်ပြည်သူ့ဆေးရုံနှင့် နောင်တရား အ.ထ.ကကျောင်းရှိ ကျန်းမာရေး စောင့်ရှောက်မှုစင်တာများတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး သေဆုံးလူနာမရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)