ကျိုင်းတုံ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများပေးအပ်ပွဲကို စက်တင်ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ပေးအပ်ပွဲတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား လူမှုရေးပင်စင်၊ ဧပြီလမှ ဇွန်အထိ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ဘိုးဘွား ၈၂၀ အတွက် စုစုပေါင်း ငွေကျပ် ၂၄၆၀၀၀၀၀ ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင် ၁၅၉၆ ဦး နှင့်၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ် ၁၄၆၄ ဦးတို့အား (အောက်တိုဘာလမှ ဒီဇင်ဘာလ)အတွက် တစ်ဦးလျှင် ၄၅၀၀၀ နှုန်းဖြင့် မိခင်နှင့်ကလေး ၃၀၆၀ ဦးအတွက် စုစုပေါင်းငွေကျပ် ၁၃၇၇၀၀၀၀၀ ကိုလည်းကောင်း ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူးများထံ ပေးအပ်ခဲ့ပြီး အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်၊ ကျေးရွာစုအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)