စလင်း၊စလက်တင်ဘာ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မကျီးဖျား၊ မြောက်ချောင်းဖြူနှင့် ကျေးရွာအုပ်စု(၄၆)အုပ်စုရှိ တောင်သူများအား   မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် စလင်းမြို့နယ်မှ ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုး ရေးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံမျိုးစုံ အတွက် တစ်ဧကလျင် တစ်သိန်းနှုန်းဖြင့် တောင်သူ ၁၈၄၀ ဦးအတွက် စပါးစိုက်ဧက ၆၂၂၀၊ ပဲတီစိမ်း၊ နှမ်းနှင့်အခြားစိုက်ဧက ၂၃၂၄ ဧကတို့အတွက် ငွေကျပ် ၁၁၆၅၄၀၀၀၀၀ ကို ထုတ်ချေးပေး ခဲ့ကြောင်းသိရှိရသည်။ 

စလင်းမြို့နယ်လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယခင် ၂၀၂၀ မိုးရာသီချေးငွေ ပြေကြေသူပေးဆပ်သူ တောင်သူကြီးများကို ဦးစွာထုတ်ချေးပေးလျက်ရှိပြီး ချေးငွေထုတ်ပေး စဉ်ကာလအတွင်း လာရောက်ပေးဆပ်သူ တောင်သူကြီးများကိုလည်း ချေးငွေပြန်လည် ပေးဆပ်ခြင်းကိုလက်ခံ၍ စက်တင်ဘာလအကုန်ထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ဒေါ်ဝင်းဝင်းအေးထံမှသိရှိရသည်။

မောင်လွင်(စလင်း)