ကျောက်တန်း  စက်တင်ဘာ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

           

ထိုသို့ ထိုးနှံရာတွင် ကျောက်တန်းမြို့ အမှတ်(၁) အခြေပညာအထက်တန်းကျောင်း၊ တံတားမြို့တိုက်နယ်ဆေးရုံ၊ မီးပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ကမာကလုတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် နေရာများခွဲကာ ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း (၄၈၀)၊ ဆေးရုံဆင်းခွင့်ရရှိသူ (၄၁၄) ဦး၊ ဆေးကုသမှုခံယူနေသူ (  ၂၁) ဦး နှင့် သေဆုံးသူ (၄၅ )ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်