ညောင်ရွှေ  စက်တင်ဘာ  ၂၃

 

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးရသေးသည့် အသက်(၅၅) နှစ်နှင့် အထက်ရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ(၁၉)ရက်မှစတင်၍  စုရပ်များ အသီးသီး၌ ကွင်းဆင်းထိုးနှံပေးခဲ့ရာ စက်တင်ဘာ(၂၂)ရက်နေ့အထိ ကာကွယ်ဆေးလာရောက်ထိုး နှံသူပေါင်း (၈၆၀၆)ဦးရှိပြီဖြစ်ကြောင်းနှင့်  စက်တင်ဘာ(၂၃)ရက်နေ့တွင်လည်း ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

 

စိုင်းအယ်ဘဲ