ထီးချိုင့် စက်တင်ဘာ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီတွင် ထီးချိုင့်မြို့အခြေခံပညာအထက်တန်းကျောင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့(၂) ဖွဲ့ခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများမှ အသက်(၆၅)နှစ် အထက်သက်ကြီးဘိုးဘွားများ၊ ဒေသခံပြည်သူများနှင့် စက်ရုံ၊ အလုပ်ရုံမှဝန်ထမ်းများအပါအဝင် ပြည်သူ(၁၀၅၅)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။          

 

ရဲလင်းထွန်း ( ထီးချိုင့် )