မိုင်းပျဉ်း  စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဉီးစီး ဌာနမှ မြစိမ်းရောင် ကျေးရွာအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း(၅၈၀)အား ယမန်နေ့က အဆိုပါရုံး၌ ထုတ်ချေးပေးခဲ့ ကြောင်းသိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကောင်ကျေးရွာအုပ်စု၊ လွန်စိုင်းကျေးရွာနှင့် ဝမ် မတ်ကျေးရွာ၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင် ကျေးရွာအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း(၂၅၀)နှင့် ဝမ်ဖြစ်ကျေးရွာအုပ်စု၊ ဝမ်ဖြစ်ကျေးရွာ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာအရင်း မပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း(၃၃၀)အား အဆိုပါကျေးရွာများ၏ ကော်မတီဝင်များထံသို့ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးမှူး၏ ကြီးကြပ်မှုဖြင့် ထုတ်ချေးပေးခဲ့သည်။

            အဆိုပါ ချေးငွေများကို ကျေးရွာကော်မတီဝင်များထံမှတစ်ဆင့် ဟောင်ကောင်ကျေးရွာအုပ်စု၊ လွန်စိုင်းကျေးရွာနှင့် ဝမ်မတ်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၉)ဉီးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ(၁)ဉီးထံသို့လည်းကောင်း၊ ဝမ်ဖြစ်ကျေးရွာအုပ်စု၊ ဝမ်ဖြစ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၆)ဉီး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၄)ဉီးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၃)ဉီးထံသို့လည်းကောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)