မကွေး           စက်တင်ဘာ             ၂၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်သို့ရောက်ရှိကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ် ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ရေနံချောင်းမြို့နယ်အတွင်း ၂၀၂၁ခုနှစ် မေလ () ရက်နေ့မှ ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် (၂၈၃) ဦး၊ အသက်(၁၈)နှစ်ပြည့် (၈၅၉) ဦး၊ လဲလှယ်(၁၅၁)ဦး၊ မိတ္တူ (၆၂၇) ဦး အား နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

ဆက်လက်၍ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် အဖွဲ့ဝင်များသည် ရေနံချောင်းမြို့၊ အထက()ကျောင်းသို့ရောက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးကာ တာဝန်ရှိသူများက ယနေ့တွင် ပြည်သူ ၁၄၅၅ ဦး ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံပါကြောင်း၊ ရေနံချောင်းမြို့နယ်အတွင်း (၇၆၉၅၅) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားရာ လူမှုရေးရာဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် အဖွဲ့ဝင်များသည် ရေနံချောင်းတက္ကသိုလ် သို့ ရောက်ရှိကာ တက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ၊ ဆရာမများအားတွေ့ဆုံ၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ ဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်း အောက်စီဂျင်ပျက်လပ်မှု မရှိစေရေး စီမံဆောင်ရွက်နေမှုများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ဉပဓိရုပ်ကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအနေဖြင့် ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်တင်တင်က ဆရာ/မများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေများ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုအောင်