မိုင်းဖြတ် ၊ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်း ကျေးရွာတွင် ကျေးရွာနေပြည်သူများသို့ အလှူရှင်များက လှူဒါန်းသည့် ဆန်၊ ကြက်ဥနှင့် ကြက်သွန်နီများ လှူဒါန်းခြင်းကို စက်တင်ဘာ ၂၄ရက် နံနက် ၇နာရီခန့်က ကျေးရွာခန်းမဆောင်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် နားမွန်းကျေးရွာနေ အလှူရှင်များဖြစ်ကြသည့် ဒေါ်အေးမြင့်နှင့် ထိုင်းနိုင်ငံ ရောက် နားမွန်းကျေးရွာတွင်နေထိုင်သူ ဦးချစ်မိုးနှင့်ဇနီး ဒေါ်သင်းသင်းမော်၊ မိုင်းမျဉ်းမြို့နေ ဒေါ်နန်းလီခမ်း တို့က ကိုဗစ်ကာလတွင် ကျေးရွာနေပြည်သူများ၏ စားသောက်ရေးခက်ခဲမှုများ အဆင်ပြေစေရေးအတွက် ဆန်၊ ကြက်ဥနှင့် ကြက်သွန်နီတို့ကို ကျေးရွာအတွင်းရှိ မိသားစုဝင်အိမ်ခြေ (၁၀၀)အတွက် လှူဒါန်းပေး ခဲ့သည်။
နားမွန်းကျေးရွာသည် ကျေးရွာအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရွာတွင်းသွားလာမှုများကို ကန့်သတ်ထားရှိခဲ့ရာ မိသားစုဝင်များ စား သောက်ရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် လှူဒါန်းရခြင်းဖြစ်ကြောင်းသိရသည်။
သန်းထွန်းအေး(မိုင်းဖြတ်)