မိုင်းဖြတ် စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာတွင် ကျေးရွာနေပြည်သူများသို့ အလှူရှင်များက လှူဒါန်းသည့်  ဆန်၊ ကြက်ဥနှင့် ကြက်သွန်နီများ လှူဒါန်းခြင်းကို စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီခန့်က ကျေးရွာခန်းမဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် နားမွန်းကျေးရွာနေ အလှူရှင်များ ဖြစ်ကြသည့် ဒေါ်အေးမြင့်နှင့် ထိုင်းနိုင်ငံရောက် နားမွန်းကျေးရွာတွင် နေထိုင်သူ ဦးချစ်မိုးနှင့်ဇနီး ဒေါ်သင်းသင်းမော်၊ မိုင်းမျဉ်းမြို့နေ ဒေါ်နန်းလီခမ်းတို့က ကိုဗစ်ကာလတွင် ကျေးရွာနေပြည်သူများ၏ စားသောက်ရေးခက်ခဲမှုများ အဆင်ပြေစေရေးအတွက် ဆန်၊ ကြက်ဥနှင့် ကြက်သွန်နီတို့ကို ကျေးရွာအတွင်းရှိ မိသားစုဝင်အိမ်ခြေ (၁၀၀)အတွက် လှူဒါန်းပေး ခဲ့သည်။

နားမွန်းကျေးရွာသည် ကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ မရှိစေရေးအတွက်  ကြိုတင်ကာကွယ်သည့် အနေဖြင့် ရွာတွင်းသွားလာမှုများကို ကန့်သတ်ထားရှိခဲ့ရာ မိသားစုဝင်များ စားသောက်ရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး(မိုင်းဖြတ်)