ကံမ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက် ၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေး လျှက်ရှိရာယမန်နေ့ မွန်းလွဲပိုင်းက ဝဲကြီးကျေးရွာအုပ်စု ထောက်မကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင် ကြစို့ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်အောင်ဝင်း နှင့် ဝန်ထမ်းများက ဝဲကြီးကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊လဲလှယ်ပေးခြင်းနှင့်အိမ်ထောင်စုလူဦးရေးစာရင်းများ စိစစ် လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)