မိုင်းဆတ် စက်တင်ဘာ ၂၄

 

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စေတနာ့ဝန်ထမ်းများ(Volunteer)လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

            ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတွင် သင်တန်းနည်းပြ()ဦးဖြင့် ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများအသုံးပြုခြင်းနှင့် ကိုင်တွယ်နည်း၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်း၊ စေတနာ့ဝန်ထမ်းများတာဝန်နှင့် လုပ်ငန်းလမ်းညွှန်၊ လိုက်နာရမည့်စည်းကမ်းများနှင့်ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာကျွမ်းကျင်မှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ စသည့်ဘာသာရပ်များကို သင်တန်းသား/သူ(၃၀)ဦးအား တစ်ရက် တာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

မြင့်မောင်(ပြန်/ဆက်)