အောင်လံ စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး ၊‌ သရက်ခရိုင် အောင်လံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဌာရေးနှစ် Mini ဘတ်ဂျက် အတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရွေးချယ်ခြင်းအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဌာရေးနှစ် မီနီဘတ်ဂျက် ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ()ရွာအား ရွေးချယ်လျာထားပြီး အရန်ကျေးရွာ ()ရွာ ရွေးချယ်ခဲ့သည်။

ထို့နောက် ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက စီမံကိန်းဆောင်ရွက်ခွင့်ရရှိပါက အဆိုပါ ကျေးရွာအတွက် ငွေကျပ်သိန်း(၃၀၀)ရရှိမည် ဖြစ်ပြီး ကျေးရွာ၏ လူနေမှုဘဝမြင့်မားတိုးတက်နိုင်ရန်အတွက် ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊  မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)