မင်းတုန်း စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက Sinopharm(Phase-2) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုထို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျေးလက်နေပြည်သူများ သွားလာရေး လွယ်ကူစေရန်နှင့် ပိုမိုထိရောက်စွာ ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံ၊ ကျောက်တိုင် တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန(၂)နေရာ တို့တွင် ကျန်မာရေးဝန်ထမ်းများနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း Sinopharm ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)