ခင်ဦး စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်သဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့ထိ မိုးစပါးစိုက်ဧက (၁၀၀၀) ကျော် ထိခိုက်ခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် စက်တင်ဘာ ၂၁ ရက်က ရွာသွန်းသော မိုးရေချိန်မှာ (၃ ဒသမ ၀၈) လက်မရွာသွန်းခဲ့သဖြင့် မူးတိမ်ချောင်းရေလျှံမှုနှင့် စက်တင်ဘာ ၂၂ ရက်တွင် မောရချောင်း ရေဝင်ရောက်မှုကြောင့် ပင်တင်းကန် ကျိုးပေါက်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၄) အုပ်စု၊ တောင်သူပေါင်း (၃၁၄၀) ဦး၊ မိုးစပါးစိုက်ဧက (၁၃၁၉၆) ဧက ရေလွှမ်းမိုး နစ်မြုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့နစ်မြုပ်ခဲ့ရာမှ ရေကျသွားသဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့ထိ မိုးစပါးရေနစ်မြုပ်ရာမှ ပြန်ပေါ် ဧက (၁၁၃၁၀)မှ ထိခိုက်ဧက (၁၁၅၄) ဧကရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာက သိရသည်။
စိုးဝေအောင်(ခင်ဦး)