ကျောင်းကုန်း စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ဒိုးတန်းကျေးရွာအုပ်စု၊
ဖျံတွင်းကျေးရွာနှင့် ပိန်းချောင်ကျေးရွာတို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဝန်ထမ်းအိမ်ရာ(၁)လုံး၊ လူနေအိမ်(၇)လုံး၊ ကားဂိုဒေါင် (၁)လုံးတို့ ပြိုကျပျက်စီးခဲ့ပြီး စာသင်ကျောင်း(၁) ကျောင်း၊ ကျောင်းအိမ်သာ (၁)လုံးနှင့် လူနေအိမ်(၇) လုံးတို့ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည်။
အလားတူ ဆိပ်သာကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာနှင့်ပန်းတောရိုးအုပ်စု၊ ကြိုးကြာချောင်ကြီး ကျေးရွာတို့တွင်လည်း ယမန်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျခဲ့ပြီး၊ နေအိမ်(၂)လုံး အမိုးလန်ပျက်စီးကာ စုစုပေါင်းတန်ဖိုး (၅)သိန်းကျော်ခန့် ပျက်စီးဆုံးရှုံးသွားရာ စုစုပေါင်း(၃၂)သိန်းကျော် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)