မြို့သစ်        စက်တင်ဘာ        ၂၆
                                                                                              
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မိုးရွာသွန်းမှုများသဖြင့် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက နေပြည်တော်- တောင်ညို - မြို့သစ်ကံပြား (မကွေး)လမ်း မိုင်တိုင် ၃၃/၁ နှင့် ၃၃/၂ကြားရှိ တံတားအမှတ်၂/၃၄ သရက်ခွချောင်းတံတား ကမ်းကပ်ခုံနှစ်ဖက်၏ အောက်မြေသားများ ရေတိုက်စားမှုကြောင့်  မြေပေါင်ပြိုကျ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ခရီးသွားပြည်သူများသွားလာမှု အန္တရာယ်ကင်းဝေးစေရန်နှင့် အခက်အခဲ မရှိစေရန်အတွက်  မြေဖို့ခြင်း၊  သဲအိတ်များ စီချခြင်းများကို မြို့သစ်မြို့နယ်ရှိ လမ်းတံတား ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သည်။

ကိုဇော်(ပြန်/ဆက်)