mdn

မင်းဘူး        စက်တင်ဘာ        ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက် လျက်ရှိသော ဓာတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) လျှောက်လမ်းအတွက် သံပေါင်များ တပ်ဆင်နေပြီဖြစ်ကြောင်း ဓာတ်လှေကား ဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါကို အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ  x အကျယ် ၁၂ ပေဖြင့် အတက်နှင့် အဆင်းဟူ၍ Lift Tower နှစ်စင်းကို ဘုရားရန်ပုံငွေမှ ခွင့်ပြုငွေကျပ် သိန်းပေါင်း ၁၆၀၀၀ ခန့်ဖြင့် တည်ဆောက်လျက်ရှိကြောင်း၊ ယခုအခါ ဓာတ်လှေကားနားနေဆောင် ဆောက်လုပ်ခြင်းနှင့် လျှောက်လမ်း သံပေါင် သုံးခန်းအနက် နှစ်ခန်း တပ်ဆင်ပြီးစီးသွားပြီဖြစ်ကြောင်း၊ လုပ်ငန်းကာလမှာ ဇွန်လ ၂၉ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိဖြစ်ပြီး ၆၃ ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ပြောပြသည်။

ဓာတ်လှေကား၏ လျှောက်လမ်းအကျယ်မှာ ၁၂ ပေရှိပြီး ဓာတ်လှေကားတစ်စင်းလျှင် လူ ၂၀ နှုန်းဖြင့် စုစုပေါင်း လူ ၄၀ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကာ ဘုရားပွဲတော်ချိန်မတိုင်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)