mdn

မုဒုံ    စက်တင်ဘာ        ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ရွှေဖရုံသီးများ လှိုင်လှိုင်ထွက်ရှိသော်လည်း လာရောက်ဝယ်ယူသူ နည်းပါးမှုကြောင့် ရောင်းအားကျဆင်းလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်မှ ရွှေဖရုံစိုက် တောင်သူတစ်ဦးက "လွန်ခဲ့တဲ့လအနည်းငယ်က ကုန်စိမ်းပွဲစားတွေက ရွှေဖရုံ အပါအဝင် အခြားဟင်းသီးဟင်းရွက်များကို တစ်ရက်လျှင် တစ်သိန်းဖိုးလောက် လာရောက်ဝယ်ယူကြတယ်၊ အခု ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေကြောင့် လာရောက် ဝယ်ယူသူ နည်းပါးလာတယ်” ဟု ပြောပြသည်။

မုဒုံမြို့နယ်ရှိ ရွှေဖရုံစိုက် တောင်သူများသည် အများအားဖြင့် မြေပြင်ပေါ်တွင်သာ ဖြန့်ကြက် စိုက်ပျိုးကြရာ စတင်စိုက်ပျိုးပြီး ရက် ၁၀၀ အကြာတွင် ခူးဆွတ်ရောင်းချနိုင်ပြီး ရွှေဖရုံသီးကို အသီးအရွယ်အစားအလိုက် ဒေသပေါက်စျေး တစ်လုံးလျှင် ၇၀၀ ကျပ် မှ ၁၃၀၀ ကျပ်အထိ ရောင်းချရကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)