နတ်မောက် စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ နတ်မောက်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ နတ်မောက်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်မှာ ၆၈၃ ပေဖြစ်ပြီး စက်တင်ဘာ ၂၇ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ၆၈၄ ဒသမ ၇ ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် ၁ ဒသမ ၇ ပေ ရေကျော်ကျလျက်ရှိကြောင်း၊ နတ်မောက်ဆည် ရေလှောင်တမံနှင့် အဆောက်အအုံများမှာ အားလုံးကြံ့ခိုင် ကောင်းမွန်၍ စိုးရိမ်ဖွယ်ရာမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။
လှဝင်း(နတ်မောက်)