ရန်ကုန် စက်တင်ဘာ ၂၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံ လမ်းဘေးရှိ မလေးရှား ပိတောက်ပင် လဲကျရာ လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရန်နှင့် ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် စက်တင်ဘာ ၂၇ ရက် နံနက် ၆ နာရီက တာဝန်ရှိသူများက သွားရောက်၍ ရှင်းလင်းခဲ့ပြီး သစ်ပင်လဲကျ ရာတွင် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါဖြစ်ပွားရာ နေရာသို့ အင်းစိန်မြို့နယ် စည်ပင်သာယာမှ ဝန်ထမ်းများနှင့် မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများ ပူးပေါင်းပြီး လဲကျသည့် သစ်ကိုင်းများကို စနစ်တကျ ရှင်းလင်းပြီး ဓာတ်ကြိုးများကိုလည်း ပြည်သူများ အန္တရာယ် ကင်းရှင်းစေရေးအတွက် စနစ်တကျ ဆောင်ရွက်ခဲ့ကြသည်။
ဇွဲထက်ကို(ပြန်/ဆက်)