ရွှေကျင် စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးနိုင်ရန် တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်ပွဲကို အနောက်ဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးရုံးတွင် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွေးက ရွှေကျင်မြို့နယ်အတွင်းရှိ ဆောင်းသီးနှံ စိုက်ဧက ၄၀၀ အတွက် တစ်ဧကလျှင် နှစ်ပြည်နှုန်းဖြင့် ပဲမျိုးစုံကြား နေကြာသီးညှပ်စိုက်ပျိုးပုံများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက စိုက်ပျိုးကြမည့် တောင်သူများအား ဆင်းရွှေကြာ-၂၊ စပ်မျိုးနေကြာ မျိုးစေ့များအား ပေးအပ်ခဲ့ကြသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)
