ဂျေရုဆလင် စက်တင်ဘာ ၂၈ 
 
အစ္စရေးနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂၀၈ ဦးအား ထပ်မံတွေ့ရှိရသဖြင့် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူပေါင်း ၁၂၆၇၁၈၈ ဦးရှိလာကြောင်း ကျန်းမာရေး  ဝန်ကြီးဌာနက ပြောကြားသည်။ 

အလားတူ အဆိုပါရောဂါကြောင့် သေဆုံးသူဦးရေမှာ ၇၆၈၄ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ နိုင်ငံ အတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၁၂ဝ၁၇၈၀ ရှိလာခဲ့သည်။

နိုင်ငံအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးစီးသူ ၆ ဒသမ ၀၉ သန်းကျော်ရှိပြီး နှစ်ကြိမ် ထိုးနှံပြီးစီးသူ ၅ ဒသမ ၆ သန်းရှိကာ တတိယအကြိမ် ထိုးနှံပြီးစီးသူ ၃ ဒသမ၂ သန်းကျော်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား- ဆင်ဟွာ ဘာသာပြန်- စိုးသူရ