မြန်အောင် စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချသော ရွှေဗျိုင်းဖြူ စက်သုံးဆီ အရောင်းဆိုင်အား အချင်အတွယ်၊ ဈေးနှုန်း မှန်ကန်ရေးကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်တွင် ပုံမှန်ဈေးနှုန်းဖြင့်ရောင်းချသော ရွှေဗျိုင်းဖြူ စက်သုံးဆီ အရောင်းဆိုင်များ အချင်အတွယ်၊ ဈေးနှုန်းမှန်ကန်ရေး စစ်ဆေးခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပါဝင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

 

mdn

မြန်အောင်မြို့တွင် ပုံမှန်ဈေးနှုန်းဖြင့်ရောင်းချသော ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်တွင် ဓာတ်ဆီ (92-RON) (1 Liter) လျှင် ၁၁၅၂ ကျပ်နှုန်း၊ ဒီဇယ်ဆီ (1 Liter) လျှင် ၁၁၄၇ ကျပ်နှုန်း၊ ပရီမီယမ်ဒီဇယ်ဆီ (1 Liter) လျှင် ၁၁၅၄ ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း  မြန်အောင်မြို့ ရွှေဗျိုင်းဖြူ စက်သုံးဆီ အရောင်းဆိုင် တာဝန်ခံထံမှ သိရှိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)