ကျွန်းစု စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားပြီးသူများအား စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ငွေကျပ် ၃၀၀၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ရာတွင် ဇူလိုင် ၂၉ ရက်မှ စတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများအနက် ထိခိုက်လွယ်အုပ်စုဖြစ်သော အသက်(၆၀)အထက် သက်ကြီးရွယ်အိုများ၊ အသက်(၅)နှစ်အောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျယ် ၃၀၀၀၀ စီဖြင့် မြို့ပေါ်ရပ်ကွက်များမှ လေးဦး၊ ကတ္တလူကျေးရွာမှ တစ်ဦး၊ ကပကျေးရွာမှ နှစ်ဦး စုစုပေါင်း ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားပြီးသူ ခုနစ်ဦးအား ထောက်ပံ့ပေးအပ်ခဲ့သည်။
စည်သူရအောင်(ကျွန်းစု)