တနင်္သာရီ စက်တင်ဘာ ၃၀

 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စက်တင်ဘာ (တတိယ) ပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့သောကြောင့် တနင်္သာရီမြစ် မြစ်ရေမြင့်တက်လာရာ စက်တင်ဘာ ၃၀ ရက် အထိ ကျောက်တလုံး ကျေးရွာအုပ်စု မြေမအုံကျေးရွာ အနိမ့်ပိုင်းနေရာများရှိ တောင်သူ ၁၆ ဦးတို့၏ ရက် ၂၀ သားအရွယ် ကြဲခင်းစပါး ဧကပေါင်း ၅၃ ဒဿမ ၅၀ဧက မြစ်ရေများ ဝင်ရောက်နစ်မြုပ်လျက်ရှိသဖြင့် တောင်သူများက ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။

 

အလားတူ မြေမအုံကျေးရွာ အနိမ့်ပိုင်းရှိ အိမ် ၁၅ လုံးခန့်မှာလည်း မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း ကျောက်တလုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

 

mdn