ကဘူးလ် အောက်တိုဘာ ၁ 

ဂျီ-၂၀ ခေါင်းဆောင်များသည် တာလီဘန် အုပ်ချုပ်မှုအောက်ရှိ အာဖဂန်နစ္စတန်အခြေအနေကို အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပမည့် အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။

အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီက စက်တင်ဘာ ၂၉ ရက် သတင်းစာရှင်းလင်းပွဲတွင် အစည်းအဝေးကျင်းပမည့်ကိစ္စကို ကြေညာခဲ့သည်။ အီတလီသည် ယခုနှစ်တွင် အလှည့်ကျ ဂျီ-၂၀ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ 

အဆိုပါဆွေးနွေးပွဲကို အွန်လိုင်းဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ဒေသမီဒီယာများတွင် ဖော်ပြသည်။တာလီဘန်များသည် အာဖဂန်နစ္စတန်ကို သြဂုတ်လတွင် ထိန်းချုပ်နိုင်ခဲ့သည်။


ဂျီ-၂၀ ခေါင်းဆောင်များသည် အစ္စလာမ္မစ်အုပ်စုကို အမျိုး သမီးများ၏အခွင့်အရေးအား လေးစားရန် တိုက်တွန်းသွားမည် ဖြစ်သည်။

အင်န်အိတ်ချ်ကေ