မြဝတီ အောက်တိုဘာ ၁

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက မြဝတီမြို့နယ် ဖလူးကျေးရွာအုပ်စု၊ မင်းလက်ပံကျေးရွာ၌ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား စက်တင်ဘာ ၂၉ ရက်က ကြည့်ရှုခဲ့ကြသည်။

 

ထိုသို့ကြည့်ရှုရာတွင် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်မှ မင်းလက်ပံကျေးရွာတွင် မြစိမ်းရောင် ရန်ပုံငွေများဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုတို့ကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးအား ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျေးရွာရှိ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များ၊ အသင်းသူ အသင်းသားများနှင့် တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် သိရှိလိုသည်များ ဆွေးနွေးမေးမြန်းခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်မှ ကျေးရွာ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

တေဇာလင်း