ကျောက်ထု အောက်တိုဘာ ၁

 

 မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ ရန်ကင်းတောင်စေတီတော် ဘုရားကုန်းမြေတွင် အောက်ဆီဂျင်စက်ရုံကို စေတနာရှင်များအားဖြင့် ဆောက်လုပ်လျက်ရှိရာ လုပ်ငန်းပမာဏ၏ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း စက်ရုံဆောက်လုပ်ရေးကော်မတီမှ သိရသည်။

 

အောက်ဆီဂျင်စက်ရုံကို အလျား ၄၅  ပေ၊ အနံ ပေ၂၀၊ အမြင့် ၁၂ ပေအရွယ် ကွန်ကရစ် အုတ်စီ အဆောက်အအုံအဖြစ် ဆောက်လုပ်လျက်ရှိပြီး ကုန်ကျစရိတ် ငွေကျပ် သိန်း ၁၇၀ ကုန်ကျမည်ဟု သိရသည်။ အဆိုပါ ကုန်ကျစရိတ်အား ပြည်သူလူထုမှ လှူဒါန်းလျက်ရှိပြီး အောက်စီဂျင်စက်ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးပို့လှူဒါန်းခဲ့ရာ အောက်ဆီဂျင်စက်မှာ ကျောက်ထုမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

 

mdn

 

စက်ရုံလည်ပတ်နိုင်သည့်အခါတွင် ကျောက်ထုမြို့အတွက်သာမက ပတ်ဝန်းကျင် မြို့နယ်များဖြစ်သည့် ဆော၊ ထီးလင်း စသည့်မြို့နယ်များအပြင် ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်များ အတွက်ပါ အောက်ဆီဂျင် လိုအပ်မှုများအတွက် ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောဟေမာန်