မိုင်းယန်း ‌အောက်တိုဘာ ၁

 

ပန်းခင်းစီမံချက် အစီအစဉ်အရ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ယန်းကောင် ကျေးရွာအုပ်စုရှိ တောင်ပေါ်ကျေးရွာများသို့  စက်တင်ဘာလ နောက်ဆုံးအပတ်မှ စတင်၍ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုင်းယန်းမြို့နယ် ဦးစီးမှူး  ဦးစိုင်းသောင်းရွှေနှင့် ဝန်ထမ်းများက ယန်းကောင်ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများအား သတ်မှတ်စုရပ်များ၌ မှတ်ပုံတင် မရှိသူများကို မှတ်ပုံတင် ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ လဲလှယ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့်  အိမ်ထောင်စုလူဦးရေ တိုး/ပြောင်းရွှေ့ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

 

ထွန်းထွန်းထူး

 

mdn