နေပြည်တော် အောက်တိုဘာ ၁

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနသည် နိုင်ငံတော် အစိုးရနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံ အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နှစ်အလိုက် ခန့်မှန်းလူဦးရေ စာရင်းအား နှစ်စဉ် ထုတ်ပြန် ပေးလျက်ရှိသည်။ 

 

စာရင်းများထုတ်ပြန်ရာတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်ထားရာ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင် သတ်မှတ်ချက်အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၏ ကြားကာလဖြစ်သော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅ ဒသမ ၃ သန်း ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

MDN