နတ်မောက် အောက်တိုဘာ ၁

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ညောင်ကျပ္ပင်ကျေးရွာတွင် မိုးမြေပဲ (မကွေး-၁၆) မြေပဲမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်း ဧက ၂၀ စိုက်ပျိုးထားသည်။

 

အဆိုပါစိုက်ခင်းမှ မြေပဲမျိုးသန့်ထုတ်၍ နောင်နှစ်မိုးရာသီတွင် မျိုးသန့်ထုတ်လုပ်နိုင်ရေးအတွက် ပန်းပွင့်ချိန် မျိုးကွဲနုတ်ပယ်ခြင်း၊ စစ်ဆေးခြင်း လုပ်ငန်းများအား နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သင်းသင်းမြတ်