ထန်းတပင်(ပဲခူး) အောက်တိုဘာ ၁

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဆောက်လုပ် ထားရှိသည့် အောက်ဆီဂျင်ထုတ်စက်ရုံသို့ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူထားရှိသည့် MNPO-50 အမျိုးအစား အောက်ဆီဂျင်ထုတ်စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိကာ တပ်ဆင်မှုများ ပြုလုပ်ကြောင်း သိရသည်။

 

အဆိုပါ အောက်ဆီဂျင်ထုတ်စက်ပစ္စည်းများ တပ်ဆင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဝင်များက ကြီးကြပ် ဆောင်ရွက်ခဲ့သည်။

 

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ဝေဒနာရှင်များနှင့် အောက်ဆီဂျင်လိုအပ်သည့် လူနာများအတွက် အောက်ဆီဂျင်ထုတ်စက်ရုံ အဆောက်အအုံ တည်ဆောက်ပြီးစီပြီးဖြစ်၍ အောက်ဆီဂျင်ထုတ်စက်နှင့် ဆက်စပ်ပစ္စည်းများအားလုံး တပ်ဆင်ပြီးပါက တစ်နေ့လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး ၁၅၀  ဖြည့်တင်း ထုတ်လုပ်ကာ အောက်ဆီဂျင် လိုအပ်သည့် ဝေဒနာရှင် လူနာများအတွက် အချိန်တိုအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

 

မြို့နယ်(ပြန်/ ဆက်)