ဇီးကုန်း  အောက်တိုဘာ ၁

           

ပြည်သူများ စားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အမှတ်() ရပ်ကွက် ဂုံးလမ်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဇီးကုန်းမြို့နယ် ဆီလုပ်ငန်းရှင် ဦးမောင်မောင်ဆွေတို့ ပူးပေါင်း၍ ပြည်သူများအား စားသုံးဆီ တစ်ပိသာ ၃၈၅၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ပိဿာမှ ပိဿာအထိ ရောင်းချပေးခဲ့သည်။ ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် ပထမကြိမ်အဖြစ် ဆီ ၁၀ ပီပါ ရောင်းချခဲ့ကြောင်း သိရသည်။

 

တင့်ဆွေ(ပြန်/ဆက်)