ကွာလာလမ်ပူ အောက်တိုဘာ ၂
မလေးရှားနိုင်ငံတွင် ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား ကလေးများကို ထိုးပေးရန် မလေးရှားနိုင်ငံမှ ဆေးဝါးကြီးကြပ်သူများက အောက်တိုဘာ ၁ ရက် တွင် ခွင့်ပြုချက်ပေးခဲ့သည်။
တိုင်းပြည်၏ ဆေးဝါးထိန်းချုပ်ရေးအာဏာပိုင်များက ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား အသက်အုပ်စုကို ထိုးပေးရန် ခွင့်ပြုပေးခဲ့သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန် အဗ္ဗဒူလာက ပြောသည်။
မလေးရှားနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုကို အရှိန်မြှင့်လျက်ရှိရာ စက်တင်ဘာ ၃၀ တစ်ရက်တည်းတွင်ပင် လူပေါင်း ၃၂၉၁၆၃ ဦးကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့သည်။
ဆင်ဟွာ